ဆိုက်ဘာတိုက်ခိုက် ခံခဲ့ရသည့် Colonial ကုမ္ပဏီ၏ ကွန်ရက် ပြန်ကောင်းစေရန် အမေရိကန်အစိုးရ ပူးပေါင်းဆောင်ရွက်
လူဦးရေထူထပ်တဲ့ အမေရိကန် အရှေ့ပိုင်းပြည်နယ်တွေကို ပေးပို့နေတဲ့ အရေးပါတဲ့ လောင်စာကွန်ရက်ကို ကုမ္ပဏီက ပိတ်လိုက်ရတဲ့ ဆိုက်ဘာတိုက်ခိုက်ခံရမှုကနေ ပြန်ကောင်းလာအောင် ပိုက်လိုင်းကုမ္ပဏီကို ကူညီဖို့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေဟာ မေ ၉ ရက်မှာ ၎င်းလောင်စာပိုက်လိုင်းကုမ္ပဏီ Colonial နဲ့အနီးကပ် ဆောင်ရွက်ခဲ့ကြပါတယ်။