မြန်မာ့တပ်မတော်နှင့် ဆက်ဆံရေးကို ဖော်ပြခဲ့ပြီးနောက် Le Monde သတင်းစာမှ ကြော်ငြာများကို Total ကုမ္ပဏီက ပြန်ရုပ်သိမ်းခဲ့မှုအပေါ် RSF ရှုတ်ချ
တပ်မတော်နဲ့ ဆက်ဆံရေးကို ဖော်ပြခဲ့တဲ့အတွက် Le Monde သတင်းစာမှာ ကြော်ငြာထည့်သွင်းထားမှုတွေကို ပြင်သစ်ရေနံကုမ္ပဏီ Total က ဖျက်သိမ်းလိုက်တဲ့အပေါ် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ရှုတ်ချထားပါတယ်။