မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းရန် တပ်မတော်၏ ပူးပေါင်းမှုလိုအပ်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးပြောကြား
မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ တပ်မတော်ဘက်က ပူးပေါင်းပေးဖို့ လိုအပ်ကြောင်းနဲ့ သက်ဆိုင်သူအားလုံးနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ စတင်ဖို့ တပ်မတော်ကို အာဆီယံနိုင်ငံတွေက ဆက်လက်တွန်းအားပေးသင့်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက မေလ ၁၁ ရက်နေ့မှာ ပြောပါတယ်။