မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရာတွင် အာဆီယံအနေဖြင့် အချိန်မဆိုင်းဘဲ ဆက်လက် လုပ်ဆောင်ရန် ကုလတိုက်တွန်း
မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရာမှာ အာဆီယံအနေနဲ့ အချိန်မဆိုင်းဘဲ ဆက်လက်လုပ်ဆောင်ရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Stéphane Dujarric က ပြောကြားကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက မေလ ၁၂ ရက်က သတင်းထုတ်ပြန်ပါတယ်။