အာဆီယံ အစည်းအဝေး သဘောတူညီချက် ငါးချက်ကို တပ်မတော်ခေါင်းဆောင်ပိုင်းက လိုက်နာလာရေး နိုင်ငံတကာက ပိုမိုဖိအားပေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး တောင်းဆို
စေ့စပ်ဆွေးနွေးမှုစတင်ရန် မကြာသေးမီက အာဆီယံနှင့် သဘောတူညီမှုရရှိထားသော်လည်း ဆန္ဒပြသူများကို ဖြိုခွင်းခြင်းများ ဆက်လက်လုပ်ဆောင်နေသည့် မြန်မာတပ်မတော်ကို ထပ်မံ၍ နိုင်ငံတကာဖိအားပေးမှုများ လုပ်ဆောင်ရန် မေ ၁၂ ရက်တွင် ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက တောင်းဆိုခဲ့ကြောင်း VOA သတင်းဌာနကဖော်ပြခဲ့ပါတယ်။