မြန်မာနိုင်ငံဘက်မှ တိမ်းရှောင်လာသူများအား အတင်းအကျပ် ပြန်ပို့မည် မဟုတ်ဟု ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကို ထိုင်းဝန်ကြီးချုပ် ကတိပြု

မြန်မာနိုင်ငံဘက်မှ တိမ်းရှောင်လာသူများအား အတင်းအကျပ် ပြန်ပို့မည် မဟုတ်ဟု ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကို ထိုင်းဝန်ကြီးချုပ် ကတိပြု
Published 15 May 2021

အိမ်နီးချင်း မြန်မာနိုင်ငံဘက်ကနေ ထွက်ပြေးတိမ်းရှောင်လာသူတွေကို အတင်းအကျပ် ပြန်ပို့မှာ မဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ က ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကို ကတိပြုခဲ့တယ်လို့ အေပီသတင်း ဖော်ပြချက်အရ သိရပါတယ်။