ပေါက်ခေါင်းမြို့နယ်ပညာရေးမှူးရုံးမီးလောင်ကျွမ်းခဲ့ပြီးအရေးကြီးစာရွက်စာတမ်းများ မီးလောင် ဆုံးရှုံး
ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ပညာရေးမှူးရုံးမီးလောင်ကျွမ်းခဲ့ပြီး အဆောက်အဦတစ်ခုလုံးနှင့် အရေးကြီးစာရွက်စာတမ်းများ မီးလောင် ဆုံးရှုံး
မေလ ၁၇ ရက်နေ့ ဒီကနေ့ နံနက် ၃ နာရီခန့်က ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပညာရေးမှူးရုံး မီးလောင်ကျွမ်းခဲ့ရာ အဆောက်အဦတစ်ခုလုံးနဲ့ ဌာနရဲ့ အရေးကြီးစာရွက်စာတမ်းတွေ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။