တော့တေး ဆိုင်ကလုန်းမုန်တိုင်းကြောင့် အိန္ဒိယမြို့ကြီး မွမ်ဘိုင်းတွင် သစ်ပင်များ ကျွတ်ထွက်ကာ ရေကြီးမှုများ ဖြစ်ပေါ်
မေ ၁၇ ရက်မှာ တော့တေး ဆိုင်ကလုန်းမုန်တိုင်းဟာ မြောက်ဘက်ကို ရွေ့လျားခဲ့တာကြောင့် ဘဏ္ဍာရေး အချက်အချာနေရာဖြစ်တဲ့ မွမ်ဘိုင်းမြို့ကြီးမှာ မိုးသည်းထန်ခဲ့ကာ လေပြင်းတွေတိုက်ခဲ့ပြီး ရေကြီးမှု ဖြစ်ပွားခဲ့တာကြောင့် အာဏာပိုင်တွေက လေဆိပ်နဲ့ အဓိကကားလမ်းမကြီးတွေကို ပိတ်ထားခဲ့ရပါတယ်။