မြန်မာနိုင်ငံအပေါ် စစ်လက်နက် ထောက်ပံ့ရောင်းချမှု ရပ်တန့်ရေး ဆုံးဖြတ်ချက် မူကြမ်းအား မဲခွဲဆုံးဖြတ်မည့် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးကို ရွှေ့ဆိုင်း
မြန်မာနိုင်ငံကို တိုက်ရိုက်ဖြစ်စေ တစ်ဆင့်ခံဖြစ်စေ စစ်လက်နက်တွေနဲ့ ခဲယမ်းမီးကျောက်တွေ ထောက်ပံ့တာ၊ ရောင်းချတာနဲ့ လွှဲပြောင်းတာတွေကို အမြန်ဆုံးရပ်ဆိုင်းဖို့ တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို အဖွဲ့ဝင် ၁၉၃ နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မဲခွဲဆုံးဖြတ်မှုကို ရွှေ့ဆိုင်းလိုက်တယ်လို့ သံတမန်တွေရဲ့ အဆိုအရ သိရပါတယ်။