ပြည်တွင်း၌ အတည်ပြုထားသည့် ကိုဗစ်ကာကွယ်ဆေး သန်း ၂၀ ကို ပြည်ပနိုင်ငံများသို့ ပေးပို့သွားမည်ဟု သမ္မတဘိုင်ဒန် ကြေညာ

ပြည်တွင်း၌ အတည်ပြုထားသည့် ကိုဗစ်ကာကွယ်ဆေး သန်း ၂၀ ကို ပြည်ပနိုင်ငံများသို့ ပေးပို့သွားမည်ဟု သမ္မတဘိုင်ဒန် ကြေညာ
Published 19 May 2021

ဇွန်လကုန်လောက်မှာ ကိုဗစ်ကာကွယ်ဆေး သန်း ၂၀ ထက်မနည်းကို ပြည်ပနိုင်ငံတွေဆီ ပေးပို့သွားမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အတည်ပြု ကြေညာခဲ့ပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံအနေနဲ့ ပြည်တွင်းမှာ အသုံးပြုခွင့်ပေးထားတဲ့ ကာကွယ်ဆေးတွေကို ပထမဆုံးအကြိမ် မျှဝေမှုလည်း ဖြစ်လာမှာပါ။