ကျိုက်မရောမြို့နယ်ပျားတောင်တောင်ပိုင်းတွင်June Cement Industry ကကြိုတင်ညှိနှိုင်းခြင်းမရှိဘဲ၊ ဘိုးဘွားပိုင် လယ်တွင်၊လမ်းဖောက်သည့်အတွက် နစ်နာသည့် ဒေသခံရွာသားများကသတင်းစာရှင်းလင်းပွဲပြုလုပ်
ကျိုက်မရောမြို့နယ်ထုံးကျောက်ပျားတောင်တောင်းပိုင်းရှိ June Cement Industry က ကြိုတင်ညှိနှိုင်းခြင်း မရှိဘဲလမ်းဖောက်ခဲ့ပြီး ၊မြို့နယ်အုပ်ချုပ်ရေးမှူးကလဲ ဒေသခံတွေက စိုက်ထူထားတဲ့ ခြံတိုင်များကိုမဖြုတ် ပေးပါက၊တရားစွဲဆိုခံရမည်ဆိုတာကြောင့် ကော့ဒွန်း၊ကော့ပနောရွာနေနစ်နာသူ ဆိုသော၊တောင်သူ-၄ဦးက၊ဇန်နဝါရီ-၁၉ရက်နေ့လည်ပိုင်းက ကော့ဒွန်းရွာနေ ဦးကြည်ဝင်း၏ နေအိမ်မှာသတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။