EU က ဆင်းရဲသည့်နိုင်ငံများအတွက် ကိုဗစ်ကာကွယ် ဆေးသန်း ၁၀၀ လှူမည်
စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံတွေရဲ့ခေါင်းဆောင်တွေတက်ရောက်တဲ့ကမ္ဘာ့ကျန်းမာရေးညီလာခံတစ်ရပ်ကို မေလ ၂၁ ရက်မှာပြုလုပ်လိုက်ပြီး ညီလာခံဖွင့်ပွဲမိန့်ခွန်းမှာ ဥရောပကော်မရှင်ဥက္ကဌ အာဆူလာ ဖွန်ဒါ လီယန် က ဒီနှစ်ထဲမှာ ဆင်းရဲတဲ့နိုင်ငံတွေအတွက် အီးယူကနေအနည်းဆုံး ကိုဗစ်ကာကွယ်ဆေး dose သန်း ၁၀၀ လှူဒါန်းမယ်လို့ကတိပြုခဲ့ပါတယ်။