ဒီအာကွန်ဂိုအရှေ့ပိုင်းရှိ နီယာရာဂွန်ဂိုမီးတောင်ပေါက်ကွဲ

ဒီအာကွန်ဂိုအရှေ့ပိုင်းရှိ နီယာရာဂွန်ဂိုမီးတောင်ပေါက်ကွဲ
Published 23 May 2021

ဒီအာကွန်ဂိုအရှေ့ပိုင်းရှိ နီယာရာဂွန်ဂိုမီးတောင်ပေါက်ကွဲခဲ့သဖြင့် ဂိုမာမြို့ကြီးမှ ပြည်သူများ ထွက်ပြေးခဲ့ကြရ

ကမ္ဘာ့မီးတောင်ရှင် အများဆုံးတည်ရှိရာနေရာတစ်ခုဖြစ်တဲ့ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (ဒီအာကွန်ဂို) မှာရှိတဲ့ နီယာရာဂွန်ဂိုတောင်ဟာ မေ ၂၂ ရက်မှာ ပေါက်ကွဲခဲ့တာကြောင့် ကြောက်လန့်နေတဲ့ ဒေသခံတွေဟာ ဂိုမာမြို့ကြီးအနီးကနေ ထွက်ပြေးခဲ့ကြရပေမယ့် မြို့ဟာ မီးတောင်အန္တရာယ်ကျရောက်မယ့်အနေအထားတော့ မရှိဘူးလို့ မီးတောင်ပညာရှင်တွေက ပြောကြားခဲ့ကြပါတယ်။