မြစ်ဆုံစီမံကိန်းဖျက်သိမ်းရေးအတွက် ပုသိမ်မြို့တွင် လူထုဆန္ဒဖော်ထုတ်ပွဲနှင့် လူထုလှုပ်ရှားမှုများကို အရပ်အဖွဲ့အစည်းများမှ စုပေါင်းပြုလုပ်မည်
မြစ်ဆုံစီမံကိန်း ဖျက်သိမ်းရေးအတွက် ပုသိမ်မြို့မှာ လူထုဆန္ဒဖော်ထုတ်ပွဲနှင့် လူထုလှုပ်ရှားမှုများကို ဇန်နဝါရီလ ၂ရရက်နေ့မှာ စတင်ပြုလုပ်သွားမယ်လို့ ပုသိမ်မြို့ ပညာပါရမီ ပညာဒါနသင်တန်းကျောင်းမှာ အရပ်ဖက်လူမှုရေးအဖွဲ့အစည်းများ စုပေါင်းပြုလုပ်တဲ့ မြစ်ဆုံစီမံကိန်းဖျက်သိမ်းရေး အမျိုးသားနိုင်ငံရေး အသွင်ဖော်ဆောင်ရေး ဆွေးနွေးပွဲမှ သိရပါတယ်။