NLD ပါတီကို ဖျက်သိမ်းနိုင်သည်ဆိုသည့် ရွေးကောက်ပွဲ ကော်မရှင်၏ ပြောဆိုမှုကို ဥရောပသမဂ္ဂ ရှုတ်ချ
နိုဝင်ဘာလက ပြုလုပ်ခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ ဖြုတ်ချခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကို ဖျက်သိမ်းပစ်နိုင်တယ်ဆိုတဲ့ တပ်မတော်က ခန့်အပ်ထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ပြောကြားချက်ကို ဥရောပသမဂ္ဂက မေလ ၂၃ ရက်နေ့မှာ ရှုတ်ချခဲ့တယ်လို့ သိရပါတယ်။