အပိုင်အခွင့်အရေးလွဲချော်တဲ့ ရပ်ရှ်ဖို့ဒ်၊ ပယ်နယ်တီမဝင်တဲ့ ဒီဟေးယားနဲ့ မန်ယူရဲ့ ဖလားလက်မဲ့ရာသီ
မန်ယူအသင်းက မေးခွန်းထုတ်စရာများစွာနဲ့ ဆိုးလ်ရှားလက်ထက် ပထမဆုံးဗိုလ်လုပွဲကို ရှုံးနိမ့်ခဲ့ပါတယ်။ ဒီပွဲမှာ ဗီလာရီးယဲလ်ကို အသာစီးက ကစားနိုင်ခဲ့ပြီး၊ ပွဲကို စိုးမိုးနိုင်ခဲ့ပေမဲ့ ဗီလာရီးယဲလ်ကို ထိုးနှက်ဖို့၊ ဗီလာရီးယဲလ်ခံစစ်ကို ဖြိုလှဲဖို့ လုံလောက်တဲ့ အရည်အသွေးမရှိခဲ့ဘူး။ ဒီအရှုံးက အသင်းနည်းပြ ဆိုးလ်ရှားအတွက် ကြီးမားတဲ့အခွင့်အရေးတစ်ခု ဆုံးရှုံးခဲ့ခြင်းလည်းဖြစ်တယ်။ ဗီလာရီးယဲလ်အသင်းနည်းပြ အူနိုင်းအမ်မရီအတွက်တော့ ဒီဖလားက သူ့ရဲ့နည်းပြဘဝ (၄)ကြိမ်မြောက် ယူရို ပါလိဂ်ဖလားဖြစ်ပြီး၊ အရင် (၃)ကြိမ်က ဆီဗီလာအ သင်းနဲ့အတူ ရယူနိုင်ခဲ့တယ်။ ၂၀၁၉ တုန်းက အာ ဆင်နယ်နည်းပြဘဝမှာ ပထမဆုံး ယူရိုပါလိဂ်ဗိုလ်လုပွဲ အရှုံးကြုံခဲ့ပေမဲ့ ဒီတစ်ကြိမ် ပြန်လည်ရုန်းထနိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။