ထုတ်ပယ်ခံရသော မြန်မာသံတမန်နှစ်ဦးကို တိုကျိုတွင် ဆက်လက်နေထိုင်ခွင့်ပေးရန် ဂျပန် အစိုးရ စီစဉ်

ထုတ်ပယ်ခံရသော မြန်မာသံတမန်နှစ်ဦးကို တိုကျိုတွင် ဆက်လက်နေထိုင်ခွင့်ပေးရန် ဂျပန် အစိုးရ စီစဉ်
Published 28 May 2021

CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာကြောင့် ထုတ်ပယ်ခံခဲ့ရတဲ့ မြန်မာသံတမန်နှစ်ဦးအနက် တစ်ဦးဟာ ၎င်းရဲ့ အထောက် အထားတွေ တစ်လကျော်အတွင်း သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပေမယ့် ဂျပန်အစိုးရက ၎င်းသံတမန်နှစ်ဦးကို တိုကျိုမှာ ဆက် လက်နေထိုင်ခွင့်ရအောင် စီစဉ်ပေးနေတယ်လို့ ဂျပန်အွန်လိုင်းသတင်းစာ JapanToday က ဖော်ပြခဲ့ပါတယ်။