Covid-19 ကပ်ရောဂါ တိုက်ဖျက်ရေးတွင် အမေရိကန်နှင့် အိန္ဒိယတို့ လက်တွဲညီညီ လုပ်ဆောင်သွားမည်ဟု နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် ပြော
အမေရိကန်နဲ့ အိန္ဒိယ တို့ဟာ Covid-19 ကပ်ရောဂါကို တိုက်ဖျက်ရာမှာ လက်တွဲညီညီ ကြိုးပမ်းသွားမှာ ဖြစ်ကြောင်းနဲ့ အမေရိကန်ဟာ အိန္ဒိယရဲ့ ကပ်ရောဂါ အကျပ်အတည်းကို အကူအညီပေးဖို့ လုပ်ဆောင်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောပါတယ်။