မြန်မာ့အရေးကို အာဆီယံနှင့် အိန္ဒိယ ပူးပေါင်းဖြေရှင်းသင့်ဟု (IFFRAS) က အစီရင်ခံစာ ထုတ်ပြန်

မြန်မာ့အရေးကို အာဆီယံနှင့် အိန္ဒိယ ပူးပေါင်းဖြေရှင်းသင့်ဟု (IFFRAS) က အစီရင်ခံစာ ထုတ်ပြန်
Published 30 May 2021

မြန်မာ့အရေးကို အာဆီယံနှင့် အိန္ဒိယ ပူးပေါင်းဖြေရှင်းသင့်ဟု လူ့အခွင့်အရေးနှင့် လုံခြုံရေးဆိုင်ရာ နိုင်ငံတကာဖိုရမ် (IFFRAS) က အစီရင်ခံစာ ထုတ်ပြန်

ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲတွေကြောင့် မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာအကြပ် အတည်း ဆက်လက်ဖြစ်ပွားနေတာဟာ ဒေသတွင်းအဖွဲ့အာဆီယံကို စိန်ခေါ်မှုတွေဖြစ်ပေါ်စေခဲ့ပြီး မြန်မာ့အရေးအတွက် အာဆီ ယံအနေနဲ့ အဖြေရှာဖို့ ခက်ခဲနေကြောင်း တိုရွန်တိုအခြေစိုက် လူ့အခွင့်အရေးနဲ့လုံခြုံရေးဆိုင်ရာ နိုင်ငံတကာဖိုရမ် (IFFRAS) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။