ဥရောပစူပါလိဂ်စီမံကိန်းအတွက် တောင်းပန်မည်မဟုတ်သလို၊ အပြစ်ပေးခံရပါကလည်း အယူခံဝင်သွားမည်ဟု လာပေါ်တာ ဆို
ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက ဥရောပစူပါလိဂ်စီမံကိန်းမှာ ပါဝင်ခြင်းအတွက် (UEFA)ကို တောင်းပန်မှာ မဟုတ်သလို၊ အပြစ်ပေးခံရပါကလည်း နိုင်ငံတကာအားကစားခုံရုံး (CAS) ထံ အယူခံဝင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။