ယခုသီတင်းပတ်အတွင်း အာဆီယံဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ်တို့ မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်နေ
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အလှည့်ကျ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးချုပ် တို့ဟာ အခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်နေတယ်လို့ သံတမန်သတင်းရင်းမြစ် လေးဦးရဲ့ အဆိုကိုကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။