မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံကိုယ်စားလှယ် ရွေးချယ်ခန့်အပ်ရေးနှင့် ပတ်သက်ပြီး အာဆီယံနိုင်ငံများအကြား သဘောထားကွဲနေ

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံကိုယ်စားလှယ် ရွေးချယ်ခန့်အပ်ရေးနှင့် ပတ်သက်ပြီး အာဆီယံနိုင်ငံများအကြား သဘောထားကွဲနေ
Published 2 June 2021

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံကိုယ်စားလှယ်ကို ယခုချိန်ထိ မခန့်အပ်ရသေးဘဲ ကိုယ်စားလှယ်နေရာအတွက် အသင့်တော်ဆုံး ဖြစ်မယ့်သူ ကိုယ်စားလှယ်ရဲ့ လုပ်ပိုင်ခွင့်တာဝန်တွေနဲ့ သူတာဝန်ယူရမယ့် သက်တမ်း စတဲ့အချက်တွေမှာ အာဆီယံနိုင်ငံတွေအကြား အမြင်မတူမှုတွေ ရှိနေတယ်လု့ိ သံတမန်သတင်းရင်းမြစ် လေးဦးကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။