မြဝတီ- ဝေါလေလမ်းပိုင်း ဖလူးရွာအနီးတွင် နယ်ခြားစောင့်တပ်နှင့် ခွဲထွက် (DKBA) တို့ တကျော့ပြန် တိုက်ပွဲကြောင့် ရွာသားများ စစ်ဘေးရှောင်နေရ
ကရင်ပြည်နယ် မြဝတီမြို့နယ် ဖလူးကျေးရွာအနီးတွင် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် နယ်ခြားစောင့်တပ် (BGF) နှင့် ခွဲထွက်(DKBA) တပ်တို့အကြား ဇွန် ၁ ရက် နေ့လည် ၁ နာရီခန့်က ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ရွာသားများမှာ သောင်ရင်း တဘက်ကမ်းသို့ စစ်ရှောင်နေရပြီ ဖြစ်တယ်လို့ သိရပါတယ်။