မွန်နိုင်ငံရေးပါတီများ၊ မွန်နိုင်ငံရေးအင်အားစုများ ပေါင်းစည်းပြီး မွန်ညီညွတ်ရေးပါတီ အမည်ဖြင့် ပါတီအသစ် တည်ထောင်ရန် လျှောက်ထား
မွန်နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေး အင်အားစုတွေ ပေါင်းစည်းကာ "မွန်ညီညွတ်ရေးပါတီ" အမည်ဖြင့် ပါတီတည်ထောင်ခွင့် လျှောက်ထားလိုက်ပြီဖြစ်ပြီး လက်ရှိမှာ မွန်ပြည်နယ်အတွင်းရှိ (၇)မြို့နယ်မှာ မြို့နယ်အဆင့် ပါတီကော်မတီများ ဖွဲ့စည်းထားတယ်လို့ ပါတီအသစ်မှ တွဲဖက်အတွင်းရေးမှူး(၂)ဖြစ်သူ နိုင်စံတင်က ပြောပါတယ်။