မေလတွင် ငွေလဲနှုန်းဆိုးရွားလာမှုကြောင့် ထုတ်ကုန်ဈေးနှုန်း စံချိန်တင်မြင့်တက်ကာ ဆက်တိုက်ဖြစ်ပေါ်နေပါက ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုကို ခြိမ်းခြောက်လာနိုင်ကြောင်း စစ်တမ်းတစ်ရပ်တွင်ဖော်ပြ
ပြီးခဲ့တဲ့ မေလမှာ ငွေလဲလှယ်မှုနှုန်း ဆိုးရွားလာမှုကြောင့် ထည့်ကုန်နဲ့ထုတ်ကုန်ဈေးနှုန်းတွေ စံချိန်တင်မြင့်တက်ခဲ့ကာ အော်ဒါတွေ ပြီးမြောက်အောင်လုပ်ဖို့ အခက်အခဲတွေရှိခဲ့ပြီး ဒီအခြေအနေတွေ ဆက်တိုက်ဖြစ်ပေါ်နေပါက ပြည်ပတိုက်ရိုက် ရင်း နှီးမြှုပ်နှံမှုတွေကို ခြိမ်းခြောက်လာနိုင်တယ်လို့ ဇွန်လ ၁ရက်က ထုတ်ပြန်တဲ့ IHS Markit မြန်မာ ထုတ်လုပ်မှု PMI အညွှန်းကိန်း တွေအရ သိရပါတယ်။