မြဝတီနယ်စပ်မှတဆင့်တင်သွင်းနေသည့် ဆပ်ပြာ၊ ဆပ်ပြာမှုန့်နှင့်သွားတိုက်ဆေးများအား တင်သွင်းခွင့်ရပ်ဆိုင်း
မြန်မာ - ထိုင်းနယ်စပ် မြဝတီမြို့ကနေတဆင့် ပြည်တွင်းဈေးကွက်ကိုတင်သွင်းနေတဲ့ ထိုင်းနိုင်ငံထုတ် ဆပ်ပြာ၊ ဆပ်ပြာ မှုန့်နဲ့ သွားတိုက်ဆေးတွေကို ဇွန်လ ၄ ရက်နေ့ကစပြီး တင်သွင်းခွင့်ယာယီရပ်ဆိုင်းထားဖို့ မြဝတီကုန်သွယ်ရေးဇုန် OSS အကောက်ခွန်ဦးစီးဌာနကနေ နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေကို ညွှန်ကြားစာပေးပို့ထားတယ်လို့ သိရပါတယ်။