မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှု အခြေအနေများကိုစိုးရိမ်မိကြောင်းနှင့် ဘုံသဘောတူညီချက်များကို အကောင် အထည်ဖော်ရန် ထိုင်းနိုင်ငံ တိုက်တွန်း
မြန်မာနိုင်ငံရဲ့ နေရာဒေသအများအပြားမှာ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်နေမှုကို စိုးရိမ်ကြောင်းနဲ့ မတည်ငြိမ်မှုတွေကို အဆုံးသတ်နိုင်ဖို့အတွက် အာဆီယံခေါင်းဆောင်တွေအကြားရရှိခဲ့တဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်တာ မြင်တွေ့လိုကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၆ ရက်နေ့မှာ ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထား ပါတယ်။