၂၀၁၈ ခုနှစ်တာကာလအတွင်း ပျမ်းမျှ ငွေကြေးဖောင်းဖွမှုနှုန်းအနေဖြင့် ဒီဇင်ဘာလတွင် အမြင့်ဆုံးဖြစ်ပေါ်ခဲ့ (ရုပ်သံ)
၂၀၁၈ ခုနှစ် တစ်နှစ်တာကာလအတွင်း ပျမ်းမျှ ငွေကြေးဖောင်းဖွမှုနှုန်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာ ၆ ဒသမ ၈၆ ရာခိုင် နှုန်းနဲ့ အမြင့်ဆုံးဖြစ်ပေါ်ခဲ့တယ်လို့ မြန်မာနိုင်ငံ ဗဟိုစာရင်းအင်းအဖွဲ့ (CSO)ရဲ့ ထုတ်ပြန်ချက်တွေ အရ သိရပါတယ်။