ကချင်ပြည်နယ် ရွှေကူမြို့မရဲစခန်းတိုက်ခိုက်ခံရ

ကချင်ပြည်နယ် ရွှေကူမြို့မရဲစခန်းတိုက်ခိုက်ခံရ
Published 6 June 2021

ကချင်ပြည်နယ် ရွှေကူမြို့မရဲစခန်းတိုက်ခိုက်ခံရပြီး နေအိမ်အချို့ လက်နက်ကြီးမှန်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ရွှေကူမြို့မ ရဲစခန်းကို ဇွန်လ ၄ ရက်နေ့ ည ၈ နာရီ ဝန်းကျင်က ကချင်လက်နက်ကိုင်အဖွဲ့(KIA )ဝင်တိုက်ခိုက်ခဲ့ပြီး ယင်းနေရာတစ်ဝိုက်ရှိ နေအိမ်အချို့ လက်နက်ကြီးမှန် ခဲ့ကြောင်း ဒေသခံများက ပြောကြားပါတယ်။