တရုတ်နိုင်ငံ ကွမ်ကျိုးမြို့တွင် ကိုဗစ်ကူးစက်မှု မြင့်တက်နေသဖြင့် ဗိုင်းရပ်စ် ထိန်းချုပ်ရေး အစီအမံများ ထပ်မံချမှတ်ထားရ
တရုတ်နိုင်ငံတောင်ပိုင်း၊ စက်မှုလုပ်ငန်း ဗဟိုချက်ဖြစ်တဲ့ ကွမ်ကျိုးမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်နေမှုကို ထိန်းချုပ်ဖို့ လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ လည်ပတ်လှုပ်ရှားမှုတွေအပေါ် ကန့်သတ်ပိတ်ပင်မှုတွေ ထပ်မံ ချမှတ်ထားတယ်လို့ သိရပါတယ်။