သက်ဆိုင်ရာက စီစဉ်ပေးမှုကို မလိုချင်သောကြောင့် အတူနေမိသားစုများစားဝတ်နေရေးအတွက် ငွေကြေးနှင့် ဆေးဝါး လိုအပ်မှုကို ကူညီပေးရန် ၎င်း၏ ရှေ့နေများအား အတိုင်ပင်ခံပုဂ္ဂိုလ် အကူအညီတောင်းခံ
သက်ဆိုင်ရာက စီစဉ်ပေးမှုကို မလိုချင်တာကြောင့် အတူနေမိသားစုတွေစားဝတ်နေရေးအတွက် ငွေကြေးနဲ့ ဆေးဝါး လိုအပ်မှုကို ကူညီပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူရဲ့ရှေ့နေတွေကို အကူအညီ တောင်းခံခဲ့တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောကြားပါတယ်။