■ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ အများပြည်သူတွေ အပန်းဖြေနိုင်ဖို့ ပင်လယ်ကမ်းခြေတွေအဖြစ် ချောင်းသာကမ်းခြေ၊ ငွေဆောင်ကမ်းခြေအပြင် ယခုနောက်ပိုင်းမှာ စည်ကားစပြုလာတဲ့ ဂေါ်ရန်ဂျီကျွန်းနဲ့ ရွှေသောင်ယံကမ်းခြေတို့ ရှိပါတယ်။
■ ချောင်းသာကမ်းခြေဟာ ပုသိမ်မြို့နှင့်လည်းနီးပြီး လမ်းပန်းဆက်သွယ်ရေးလဲ ကောင်းမွန်တဲ့ ဒေသတစ်ခုဖြစ်တာကြောင့် ပြည်တွင်းခရီးသွားဝင်ရောက်မှုဟာ အလွန်ကိုများပြားပါတယ်။ စတင်ဖွင့်လှစ်စဉ်အချိန်ကတည်းက ကမ်းခြေသာယာလှပမှု အစားအသောက်လက်ဆတ်ပေါများမှုများကြောင့် နာမည်ကျော်ကြားခဲ့ပါတယ်။ ချောင်းသာကမ်းခြေဟာ မြန်မာနိုင်ငံမှာရှိတဲ့ ငပလီကမ်းခြေအပါအဝင် ကမ်းခြေအားလုံးထက် ခရီးသွားဝင်ရောက်မှု အများဆုံးကမ်းခြေတစ်ခုပဲဖြစ်ပါတယ်။