နိုင်ငံရေး အကျပ်အတည်းကို တုံ့ပြန်ပုံနှင့် ပတ်သက်၍ အာဆီယံ၏ ဝေဖန်မှုများအပေါ် မြန်မာအစိုးရ ကာကွယ်ပြောဆို

နိုင်ငံရေး အကျပ်အတည်းကို တုံ့ပြန်ပုံနှင့် ပတ်သက်၍ အာဆီယံ၏ ဝေဖန်မှုများအပေါ် မြန်မာအစိုးရ ကာကွယ်ပြောဆို
Published 9 June 2021

ဇွန် ၇ ရက်က တရုတ်နိုင်ငံ ချုံကျင်းမြို့မှာ ပြုလုပ်တဲ့ အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးအတွင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ဝေဖန်မှုအပေါ် မြန်မာနိုင်ငံခြားရေးဝန်ကြီးက ကာကွယ်ပြောဆိုခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာရဲ့ဖော်ပြချက်ကို ရိုက်တာသတင်းဌာနက ကိုးကားဖော်ပြခဲ့ပါတယ်။