မွန်ညီညွတ်ရေးပါတီမှ ကြာအင်းဆိပ်ကြီးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ခဲ့သူမိဝေသီဖြိုးသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရ
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာမွန်ညီညွတ်ရေးပါတီမှ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ခဲ့သူအသက် ၃၂ နှစ်အရွယ် မိဝေသီဖြိုးဟာဇွန်လ (၈) ရက်ညပိုင်းကကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့အနီး၊ ရွာသစ်ကျေးရွာ မှ အထွက်မှာသေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခံရတယ်လို့ မွန်ညီညွတ်ရေးပါတီမှ တာဝန်ရှိသူကပြောပါတယ်။