အာဆီယံဘုံသဘောတူညီချက်ကိုအကောင်အထည်ဖော်ရန် ဖမ်းဆီးခံရသူများလွှတ်ပေးရန် ဂျပန်နိုင်ငံခြားရေးဝန်ကြီးပြော

အာဆီယံဘုံသဘောတူညီချက်ကိုအကောင်အထည်ဖော်ရန် ဖမ်းဆီးခံရသူများလွှတ်ပေးရန် ဂျပန်နိုင်ငံခြားရေးဝန်ကြီးပြော
Published 11 June 2021

အာဆီယံဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ရန်နှင့် ဖမ်းဆီးခံရသူများကို ပြန်လွှတ်ပေးရန် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံခေါင်းဆောင်တွေအစည်းအဝေးကနေ ကြေညာခဲ့တဲ့ ဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ဖို့ဟာ အရေးကြီးတယ်လို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆု မိုတဲဂီ က ဇွန်လ ၁၀ ရက်က အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီ နဲ့ ဖုန်းဆက်ဆွေးနွေးမှုအတွင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။