မျှော်လင့်ချက်နဲ့ ဖိအားတွေကြား လူးလွန့်နေရဦးမယ့် အင်္ဂလန်
ယူရို -၂၀၂၀ မှာ ဘယ်အသင်း ဗိုလ်စွဲမှာလဲ (၃)
ကပ်ဘေးကြောင့် ယူရို-၂၀၂၀ ရဲ့ အထားအသို ပျက်သွားပေမဲ့ ယူရို -၂၀၂၀ က ပေးစွမ်းမယ့် အရသာဟာ ဘောလုံးပရိသတ်တွေ ရင်ထဲ အပြင်းထန်ဆုံး တိုးဝင်လာပါဦးမယ်။ ယူရို-၂၀၂၀ မှာ ဘယ်အသင်း ချန်ပီယံဖြစ်မလဲ။ လက်ရှိအချိန်မှာ ချန်ပီယံအဖြစ် ထိပ်ဆုံးက ရေပန်းစားနေတာ နာမည်ကြီး အင်္ဂလန်ပါပဲ။
အုပ်စု (D) မှာ ခရိုအေးရှား၊ စကော့တလန်၊ ချက်တို့နဲ့အတူကျရောက်နေတဲ့ အင်္ဂလန်အသင်းက ယူရို-၂၀၂၀ မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတစ်သင်းအဖြစ် ရပ်တည်နေပါတယ်။ အင်္ဂလန်ဟာ ပျိုမြစ်လင်းပနေတဲ့ ပါရမီရှင်တွေနဲ့အတူ ယူရို ချန်ပီယံဆုကို တကယ်ရယူနိုင်မှာလား။