အမြန်ရထားနှစ်စင်း တိုက်မိခဲ့မှုဖြစ်စဉ်ကြောင့် သေဆုံးသူ ၆၃ ဦးအထိ ရှိလာခဲ့

အမြန်ရထားနှစ်စင်း တိုက်မိခဲ့မှုဖြစ်စဉ်ကြောင့် သေဆုံးသူ ၆၃ ဦးအထိ ရှိလာခဲ့
Published 12 June 2021

ပါကစ္စတန်တွင် အမြန်ရထားနှစ်စင်း တိုက်မိခဲ့မှုဖြစ်စဉ်ကြောင့် သေဆုံးသူ ၆၃ ဦးအထိ ရှိလာခဲ့ပြီး ဒဏ်ရာရရှိသူ ၁၀၀ ကျော်ရှိ

ဇွန်လ ၇ ရက်နေ့က ပါကစ္စတန်နိုင်ငံတောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အမြန်ရထားနှစ်စင်း တိုက်မိမှုဖြစ်စဉ်အတွက် ၃၆ နာရီကြာ ကယ်ဆယ်ရေးလုပ်ငန်းတွေပြီးစီးခဲ့ပြီး အဲဒီမတော်တဆဖြစ်စဉ်ကြောင့် သေဆုံးသူ ၆၃ ယောက်အထိ ရှိလာခဲ့တယ်လို့ တာဝန်ရှိသူတွေနဲ့ဒေသတွင်းမီဒီယာကပြောကြားခဲ့ကြပါတယ်။