မြန်မာနိုင်ငံ၌ မေလအတွင်း စာသင်ကျောင်း ၁၀၀ ကျော် တိုက်ခိုက်ခံရကြောင်း Save the Children ထုတ်ပြန်
မြန်မာနိုင်ငံတစ်ဝန်း မေလအတွင်း စာသင်ကျောင်းပေါင်း ၁၀၃ ကျောင်းနဲ့ အခြားသော ပညာရေး ဆိုင်ရာ အဆောက်အအုံများ တိုက်ခိုက်ခံရပြီး ပေါက်ကွဲမှုများကြောင့် ထိခိုက်ပျက်စီးမှုများလည်း မကြာခဏ ဖြစ်ပေါ် လျှက် ရှိတယ်လို့ ၎င်းတို့ရရှိတဲ့ သတင်းအချက်အလက်အသစ်များက ဖော်ပြနေကြောင်း Save the Children က ဇွန် ၁၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။