အခန်း ၆ ခန်း ပါဝင်မည့် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိတွင် လူငယ်ဘဝမှ အမျိုးသားခေါင်းဆောင်ဘဝအထိ ရေးသားပြုစုထား
ဗိုလ်ချုပ်အောင်ဆန်း အတ္တုပ္ပတ္တိ (၁၉၁၅-၁၉၄၇) ထုတ်ဝေနိုင်ဖို့အတွက် စာမူကြမ်း ရေးသားပြုစုထားပြီးဖြစ်ပြီး လူငယ်ဘဝမှ အမျိုးသားခေါင်းဆောင်ဘဝအထိ အကြောင်းအရာတွေကို ရေးသားပြုစုထားကာ အခန်း ၆ ခန်း ပါဝင်မယ်လို့ ပြန်ကြားရေးဒုဝန်ကြီး ဦးအောင်လှထွန်းက ဒီကနေ့ ဇန်နဝါရီ ၂၁ ရက် က ပြည်သူ့လွှတ်တော်မှာ ပြောပါတယ်။