စစ်ရေးအကူအညီသစ်များကို ယူကရိန်းအား ထောက်ပံ့သွားမည်ဟု ပင်တဂွန် ကြေညာ

စစ်ရေးအကူအညီသစ်များကို ယူကရိန်းအား ထောက်ပံ့သွားမည်ဟု ပင်တဂွန် ကြေညာ
Published 13 June 2021

ဒရုန်းတိုက်ဖျက်ရေး နည်းပညာနှင့် အီလက်ထရွန်းနစ် စစ်ဆင်ရေးသုံး ကိရိယာများ အပါအဝင် စစ်ရေးအကူအညီသစ်များကို ယူကရိန်းအား ထောက်ပံ့သွားမည်ဟု ပင်တဂွန် ကြေညာ

ရုရှားနဲ့ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ယူကရိန်းရဲ့ ကာကွယ်ရေး စွမ်းရည်ကို အင်အားဖြည့်တင်းပေးတဲ့အနေနဲ့ အမြောက်စနစ် တန်ပြန်ထောက်လှမ်းရေး ရေဒါတွေ၊ အီလက်ထရွန်းနစ် စစ်ဆင်ရေး ကိရိယာတွေနဲ့ ဒရုန်းတိုက်ဖျက်ရေး နည်းပညာတွေ အပါအဝင် ဒေါ်လာ သန်း ၁၅၀ တန်ဖိုးရှိတဲ့ စစ်ဘက်ဆိုင်ရာ အကူအညီသစ်တွေ ထောက်ပံ့ပေးသွားမယ်လို့ ပင်တဂွန်က ကြေညာခဲ့ပါတယ်။