Covid-19ရောဂါပိုးတွေ့ရှိမှုပြန်လည်မြင့်တက်လာချိန် မူဆယ်မြို့နယ်အတွင်း ကိုဗစ်ကာကွယ်ရေးကို ပရဟိတ အသင်းများက ပြန်လည်ကူညီလုပ်ဆောင်နေ
မြန်မာနိုင်ငံတဝှမ်း Covid-19ရောဂါပိုး တွေ့ရှိမှုပြန်လည်မြင့်တက်လာချိန် တရုတ် မြန်မာနယ်စပ် မူဆယ်မြို့နယ် မှာ ဇွန် လ ၁၂ ရက်မှစတင်ကာ လူမှုရေး ပရဟိအသင်း ၁၆ သင်းက မူဆယ်မြို့နယ် Covid-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးအဖွဲ့ နှင့် ပြန်လည် ပူးပေါင်းကူညီဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။