အတိုင်ပင်ခံပုဂ္ဂိုလ်အား လာဘ်ပေးမှုနှင့်ပတ်သက်၍ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအား အရေးယူခြင်းရှိ မရှိ မေးမြန်းမှုအပေါ် ဥပဒေအတိုင်းဖြစ်စေရမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးဖြိုးမင်းသိန်းအား အဂတိလိုက်စားမှုဖြင့် အရေးယူခြင်းရှိ မရှိနှင့်ပတ်သက်၍ ဥပဒေ၏အထက်၌ မည်သူမျှမရှိကြောင်းနဲ့ ဥပဒေအတိုင်းဖြစ်စေရမယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။