ဇွန် ၁၃ ရက် ညပိုင်းသတင်းအစီအစဉ်
■ မော်လမြိုင်တက္ကသိုလ်မှ စာရေးဝန်ထမ်း အမျိုးသမီး (၃) ဦးတွင် COVID - 19 ပိုးတွေ့ရှိ
■ ယခုနှစ် မိုးစပါးစိုက်ရာသီတွင် ဓာတ်မြေသြဇာ၊ စက်သုံးဆီနှင့် စိုက်ပျိုးရေးသွင်းအားစုများ ဈေးနှုန်းမြင့်တက်လာခြင်းကြောင့် စပါးစိုက်တောင်သူများ လယ်ယာစိုက်ပျိုးရန် အခက်အခဲများကြုံတွေ့မည်ကို စိုးရိမ်နေ
■ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် ၁၄ ဦး ဒဏ်ရာရကာ သေနတ်သမားဟု သံသယရှိသူတစ်ဦး လွတ်မြောက်နေဆဲဖြစ်
■ ဒရုန်းတိုက်ဖျက်ရေး နည်းပညာနှင့် အီလက်ထရွန်းနစ် စစ်ဆင်ရေးသုံး ကိရိယာများ အပါအဝင် စစ်ရေးအကူအညီသစ်များကို ယူကရိန်းအား ထောက်ပံ့သွားမည်ဟု ပင်တဂွန်ကြေညာ
■ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ တားဆီးရန် မော်စကိုတွင် အလုပ်မလုပ်ရ သီတင်းပတ်သတ်မှတ်
■ အဲရစ်ဆင်၏ ကစားသမား ဘဝတစ်လျှောက် နှလုံးရောဂါပြဿနာ မရှိသော်လည်း ဖင်လန်နှင့်ပွဲတွင် အဖြစ်ဆိုးနှင့် ကြုံတွေ့ရခြင်းဖြစ်