မွန်ပြည်နယ်၌ ယာဉ်အန္တရာယ် ကင်းရှင်းရေး လင်းယုန်စီမံချက် (၆) ရက်တာ ကာလအတွင်း စည်းကမ်းပျက်ယာဉ် ၂၆၂၀ စီး ဖမ်းဆီး အရေးယူခဲ့
မွန်ပြည်နယ်မှာ ယာဉ်အန္တရာယ်ကင်းရှင်းရေးနဲ့ စည်းကမ်းပျက်ယာဉ်များ ဖမ်းဆီးအရေးယူ ဆောင်ရွက်နေတဲ့ လင်းယုန်စီမံချက် ၆ ရက်တာ ကာလအတွင်း စည်းကမ်းပျက်ယာဉ် ၂၆၂၀ စီး ဖမ်းဆီး အရေးယူနိုင်ခဲ့တယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ စီမံချက် သတင်းစာရှင်းလင်းပွဲက သိရပါတယ်။