သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို နေပြည်တော်တွင် တရားစွဲဆိုထားသည့် အမှုများနှင့် ပတ်သက်၍ တရားလို ဖြစ်သူများအား စတင် စစ်ဆေး
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား တရားစွဲဆိုထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုထားသည့် သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ စသည့် အမှုများနှင့်ပတ်သက်၍ ဇွန် ၁၄ ရက် ရုံးချိန်းတွင် တရားလို ဖြစ်သူများအား စတင်စစ်ဆေးခဲ့ကြောင်း အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။