ကမာရွတ်မီဒီယာအယ်ဒီတာချုပ် အမေရိကန်နိုင်ငံသားကိုနေသန်မောင်ကိုအမှုရုပ်သိမ်းသဖြင့် ပြန်လည်လွတ်မြောက်

ကမာရွတ်မီဒီယာအယ်ဒီတာချုပ် အမေရိကန်နိုင်ငံသားကိုနေသန်မောင်ကိုအမှုရုပ်သိမ်းသဖြင့် ပြန်လည်လွတ်မြောက်
Published 15 June 2021

မြန်မာနိုင်ငံမှာမတ်လကဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကမာရွတ်မီဒီယာအယ်ဒီတာချုပ်ဖြစ်သူအမေရိကန်နိုင်ငံသားကိုနေသန်မောင်ကိုအမှုရုပ်သိမ်းပေးခဲ့တဲ့အတွက် ဇွန်လ ၁၄ ရက်နေ့ကအင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့တယ်လို့ သူရဲ့ရှေ့နေက AFP သတင်းဌာနကပြောပါတယ်။