ဘင်္ဂါလီဒုက္ခသည်များ၏ အချက်အလက်များကို မြန်မာနိုင်ငံနှင့် မလျော်မကန် မျှဝေမှုအပေါ် စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂကို HRW တိုက်တွန်း

ဘင်္ဂါလီဒုက္ခသည်များ၏ အချက်အလက်များကို မြန်မာနိုင်ငံနှင့် မလျော်မကန် မျှဝေမှုအပေါ် စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂကို HRW တိုက်တွန်း
Published 16 June 2021

 ကုလသမဂ္ဂဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ဘင်္ဂါလီ ဒုက္ခသည် ၈ သိန်းကျော်ထံကနေ အချက်အလက်တွေကို မလျော်မကန် ရယူစုဆောင်းပြီး မျှဝေခဲ့တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ (HRW) က ဇွန်လ ၁၅ ရက်နေ့မှာ ပြောကြားခဲ့ပြီး အဲဒီဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ဖို့လည်း တိုက်တွန်းခဲ့တယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။