အဂတိလိုက်စားမှုများ ရှိခဲ့သည်ဟုဆိုကာ ပါတီမှ ထုတ်ပယ်ခံခဲ့ရသည့် ဧရာဝတီတိုင်းလွှတ်တော် ဒုဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်နှင့် လွှတ်တော် ဒုဥက္ကဋ္ဌနေရာတို့မှ နှုတ်ထွက်မည် မဟုတ်ဘဲ ဥပဒေအရသာ ဖြေရှင်းဆောင်ရွက်မည်ဟု ဆို
ဧရာဝတီတိုင်းလွှတ်တော်မှာ အသုံးပြုဖို့ မော်တော်ယာဉ် ငါးစီး ဝယ်ယူရာမှာ အဂတိလိုက်စားမှုတွေ ရှိခဲ့တယ်လို့ဆိုကာ NLD ပါတီဝင်အဖြစ်မှ ထုတ်ပယ်တာခံခဲ့ရတဲ့ တိုင်းလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်က လွှတ်တော် ကိုယ်စားလှယ်အဖြစ်နဲ့ လွှတ်တော်မှာ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ လွှတ်တော်ဒုဥက္ကဋ္ဌအဖြစ်တို့မှ နှုတ်ထွက်သွားမှာ မဟုတ်ဘဲ ဆက်လက် တာဝန် ထမ်းဆောင်နေမှာဖြစ်ပြီး စွပ်စွဲခံရမှုတွေကို ဥပဒေအရသာ ပြန်လည်ဖြေရှင်းမယ်လို့ ပြောကြားခဲ့ပါတယ်။