COVID-19 ပိုးတွေ့သူ (၈၉) ဦးရှိလာပြီးနောက် ကုန်စိမ်းဈေးနှစ်ဈေးနှင့် ရေကူးကန်များကို နှစ်ပတ်ကြာပိတ်

COVID-19 ပိုးတွေ့သူ (၈၉) ဦးရှိလာပြီးနောက် ကုန်စိမ်းဈေးနှစ်ဈေးနှင့် ရေကူးကန်များကို နှစ်ပတ်ကြာပိတ်
Published 18 June 2021

လားရှိုးမြို့တွင် COVID-19 ပိုးတွေ့သူ (၈၉) ဦးအထိရှိလာပြီးနောက် ကုန်စိမ်းဈေးနှစ်ဈေးနှင့် ရေကူးကန်များကို ရက်သတ္တပတ် နှစ်ပတ်ကြာ ပိတ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့မှာ (၁၁) ရက်အတွင်း COVID-19 ရောဂါပိုးတွေ့သူဟာ ဇွန် ၁၈ ရက် နေ့လယ် ပိုင်းအထိ (၈၉) ဦးရှိခဲ့ပြီးနောက် လားရှိုးမြို့မဈေးအနီးရှိ ကုန်စိမ်းတန်း၊ ရပ်ကွက် (၉) ရှိ ခါးရိုးဈေး (ဘူတာဈေး) အပါအဝင် လားရှိုးမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ရေကူးကန်တွေကို ရက်သတ္တပတ်နှစ်ပတ်ကြာ ပိတ်သိမ်းလိုက်တယ်လို့ လားရှိုး မြို့နယ်စည်ပင်သာယာရေးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။