မိုးညှင်းမြို့နယ်တွင် ပျောက်ဆုံးနေသည့် ကျောင်းသူနှစ်ဦးအား သေဆုံးလျက် ပြန်လည် တွေ့ရှိ

မိုးညှင်းမြို့နယ်တွင် ပျောက်ဆုံးနေသည့် ကျောင်းသူနှစ်ဦးအား သေဆုံးလျက် ပြန်လည် တွေ့ရှိ
Published 19 June 2021

မိုးညှင်းမြို့နယ်တွင် ရက်သတ္တပတ်ခန့်ပျောက်ဆုံးနေသည့် သတ္တမတန်း ကျောင်းသူနှစ်ဦးအား ဒဏ်ရာများဖြင့် သေဆုံးလျက် ပြန်လည် တွေ့ရှိ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ မိုင်းနောင်ကျေးရွာမှာ ရက်သတ္တပတ်ခန့် ပျောက်ဆုံးနေတဲ့ သတ္တမ တန်းကျောင်းသူနှစ်ဦး ဒဏ်ရာတွေနဲ့သေဆုံးနေတာကို ဇွန် ၁၈ ရက်က မိုးညှင်း - ဘီလူး - နန့်မွန်းသွား ကားလမ်းပေါ်မှာရှိတဲ့ ဘီလူးကပ်ကျော်ဘုရားအနီး တောစပ်မှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။